AmbitBound Technologies Co.,Ltd မှ partnership programကို မိတ်ဆက်ပေးပါရစေရှင်။ AmbitBound Trchnologies Co.,Ltd က IT solution များ ပံ့ပိုးသည့်အပြင် Cooperate Projects များကိုလည်း ပူးပေါင်းလုပ်ဆောင်ရန် အထူးပင် စိတ်အားထက်သန်ပါတယ်။
ကျွန်မတို့ Partnership program ရဲ့ အဓိက ရည်ရွယ်ချက်က AmbitBound Partners တွေရဲ့ စီးပွါးရေး ကို ဘက်စုံ ထောင့်စုံမှ နည်းပညာအကူအညီဖြင့် ဖြေရှင်း ပေးရန် နှင့် အကျိုးတူလုပ်ဆောင်ရန် တို့ ဖြစ်ပါတယ် ။ မည့်သည့် စီးပွါးရေး လုပ်ငန်းများကိုမဆို ပိုမို တိုးတက်သော စီးပွါးရေးလုပ်ငန်းများ ဖြစ်လာစေရန်အတွက် ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါတယ်။
Partnership Program အရ ကျွန်မတို့ရဲ့ သီးသန့်အတိုင်ပင်ခံဝန်ဆောင်မှုဖြင့် လူကြီးမင်းရဲ့ လုပ်ငန်းဆောင်တာများ အားလုံးကို အောင်မြင်စွာလက်တွေ့ အသုံးချ လည်ပတ် နှိုင်သည်အထိ နည်းပညာပံ့ပိုးမှုအားလုံးကို အပြည့်အဝပံ့ပိုးပေးမည်ဖြစ်ပါတယ် ။ ကျွန်မတို့ရဲ့ Software Developer Teamများ ကလည်း လူကြီးမင်းတို့၏ လုပ်ငန်းတိုးတက်ရေးအတွက် လိုအပ်သော နည်းပညာရပ်ဆိုင်ရာ Solution များကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ် ။